Flutter Framework လေ့လာလိုသူများအတွက် မရှိမဖြစ် မသိမဖြစ် လိုတာက Dart programing language ဖြစ်တယ်။ Dart ကို coding ကုဒ်တွေမရေးခင် သိသင့်ထားတာလေးတွေ ဝေမျှတာပါ ဒါမှ ကိုယ်စီးတဲ့မြင်း ရိုးရိုးမြင်းလား Zebraမြင်းလား သိမှာ။ ၂၀၁၁ ခုနှစ်မှာ “Future of JavaScript” ဆိုတဲ့ အီးမေလ်တစောင် Google ကုမ္မဏီထဲမှာ ပြန့်လာပြီးတဲ့နောက်ပိုင်းမှာ Google က JavaScript ထက်ကောင်းလာမယ့် Language ကုမ္မဏီအတွင်းထဲမှာ တခုဖန်တီးနေတယ်ဆိုတာ ပေါ်လွင်လာတယ် Dart လို့နာမည်မဟုတ်သေးဘူး “Dash” တဲ့။ JavaScript လိုလည်းကောင်းရမယ် အကုန်လုပ်နိုင်ရမယ် performance ကောင်းကောင်းနဲ့ အကြီးစား projects တွေမှာလည်း သုံးနိုင်ရမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။
Dart က object-oriented language (OOP လို့ မှတ်ထားပေး) ဖြစ်တယ် compiles လုပ်ပြီး နောက်ဘက်မှာ ဘာထုတ်ပေးလဲဆိုတော့ (၁) native ARM code နှင့် (၂) သုံးဖို့ ready လုံးဝဖြစ်ပြီးသား JavaScript code ထုတ်လိုက်တယ်။ (ပုံတွင်ကြည့်ပါ)
ARM32, ARM64 ရှိတဲ့ အင်တာနက်အသုံးအဆောင်ပစ္စည်းတွေ ဖုန်းတွေပေါ်မှာ တန်း Run နိုင်တယ်။
Dart က ဘာဖြစ်လို့ Web browers, Web Platforms တွေမှာပါ ရတာလဲဆိုတော့ သူက JavaScript တန်းထုတ်လိုက်လို့ပဲ အဲ့ ထုတ်လိုက်တဲ့ JavaScript ကုဒ်ကြီးက Browser တိုင်းမှာပါတဲ့ engine ကိုသုံးပြီးတော့ ဖော်ပြပေးလိုက်တာပါ။( ဥပမာ Chrome Web Browser မှာဆိုရင် V8 JavaScript and WebAssembly engine ကြီးကို သုံးပြီး ပြပေးလိုက်တယ် ) Web apps ရေးမယ်ဆိုရင် Flutter framework အပြင် AngularDart ဆိုတာလဲရှိတယ်…
Flutterကိုအရင်က သိထားကြလား ခုမှကြားဖူးတာလား ကျွန်တော်လည်းလေ့လာနေဆဲ သင်ယူနေဆဲ ဖြစ်ပါတယ်။ သိထားသမျှ အတူတူသိသွားရအောင် စတင်လေ့လာတော့မည့် သူများအတွက် ရေးသားပေးထားတာပါ။ ၉ တန်း ၁၀ တန်း ကျောင်းသားလေးတွေပါ လေ့လာနိုင်အောင် Programing Languages ဆိုတာ ဘာမှန်း မသိသေးသူများအတွက် လေ့လာနိုင်အောင် မြန်မာလို့ မှတ်ရလွယ်အောင် အဓိကထားရေးသား ပြောပြ ပေးသွားမှာပါ။ တခြားနိုင်ငံတွေမှာလို အသက် ၁၄နှစ်နဲ့ App တွေရေးနေကြတဲ့ Jonah Grant (USA) လိုလူတွေထွက်ပေါ်လာနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။ ကိုယ်လေ့လာမည့် Framework က နောင်နှစ်ပေါင်းများစွာ လူအများသုံးပါ့မလား ၂ နှစ် ၃ နှစ်နေရင် လစ်သွားမှာလား ကိုယ်တိုင်ဆုံးဖြတ်နိုင်အောင်ရေးပြထားတာပါ။
Flutter ကို Google က ထုတ်တယ် ဂူဂယ်ဆိုတာတော့ သိကြမှပါနော် သူက ထုတ်ထားပေးတဲ့ SDK (Software Development Kit) ဆော့ဝဲတွေထုတ်လုပ်ရေးသားနိုင်အောင် လုပ်ပေးထားတဲ့ကိရိယာတခုပေါ့ သူကိုသုံးပြီးရေးရတာနော် Flutter SDK ပေါ့ သူကြီးပဲတော့ ဒီအတိုင်းသုံးလို့ရလားဆိုတော့ မရသေးဘူး။ Android Studio (Google ကထုတ်ထားတယ်)တို့လို IntelliJ IDE (JetBrains ကထုတ်တယ်) တို့လို့ VS Code (Visual Studio Code) (Microsoft ကထုတ်တယ်) တို့လို IDE (Integrated Development Environment) ကုဒ်တွေရေးသားတဲ့နေရာမှာ လိုအပ်တာအားလုံးဖြည့်စည်းပေးထားတဲ့နေရာတခု ထဲမှာ Flutter ကိုသွင်းပြီးရေးရတာပေါ့။ IDE က အကြီး SDK က အသေးလို့ အလွယ်မှတ်ထားလဲ…
About